ပဲခူး ဧပြီ ၂၁
ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန(ရန်ကုန်)မှ Grade – 5 (သင်ရိုးသစ်) ဗဟိုအဆင့်နည်းပြသင်တန်း Online Projector ဖြင့် (ဒုတိယနေ့)အဖြစ် ဆက်လက်ပို့ချပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် အ.ထ.က (၁) သီရိပညာခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ သင်တန်းသူ/သား၊ ဆရာ/ဆရာမ (၇၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းကို ဧပြီလ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ ပို့ချသင်ကြားပေးမည်ဖြစ်ပြီး ဆက်လက်၍ Grade-8 (သင်ရိုးသစ်) ဗဟိုအဆင့် နည်းပြသင်တန်းကို (၂၈-၄-၂၀၂၂) ရက်နေ့မှ (၅-၅-၂၀၂၂ )ရက်နေ့အထိဆက်လက်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်၊ ပြန်/ဆက်