ထန်းတပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့် နည်းပြ (TOT) Online သင်တန်းဖွင့်လှစ်

ထန်းတပင်(ပဲခူး) ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုး သစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ Online စနစ်ဖြင့် ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

ယင်းနောက် သင်တန်းတက်ရောက်နေသော ဆရာ၊ ဆရာမတို့ အနေဖြင့် သင်ကြား၊ သင်ယူမှုတို့နှင့် ပတ်သက်၍ သင်ရိုသစ် (Grade-5) သင်တန်းကို ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ Online စနစ်ဖြင့် သင်ကြားပို့ချမှုတို့ကို အလေးထား သင်ယူလျက်ရှိခြင်း၊ သင်တန်းတွင်မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို ခေါင်းစဉ်များအလိုက် သင်ကြားပို့ချပေးမှုကို သင်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့် နည်းပြ (TOT) Online  သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၆) ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ သင်တန်းတွင်ဆရာ/ ဆရာမ (၂၄) ဦးတက်ရောက် သင်ယူလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)