ထန်းတပင် (ပဲခူး) ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြား သတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပင်စင်လာရောက် ထုတ်ယူသူများအနေဖြင့် လိုက်နာရန်စည်းကမ်းချက်များအား အသိပေးကြေညာထားရှိပြီး ထန်းတပင်မြို့နယ်တွင် မြို့ပြ ပင်စင် (၅၄၉) ဦး၊ ကာကွယ်ရေးပင်စင် (၄၀၁) ဦးနှင့် နိုင်ငံရေးပင်စင် (၁၀၀) ဦး၊ စုစုပေါင်း (၁၀၅၀) ဦးရှိပြီး ယနေ့တွင် ပင်စင်ထုတ်ယူသူ (၃၅၀) ဦး ရှိကြောင်း ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)