ညောင်တုန်း ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရပ်ကွက်များ၊ လမ်းများတွင် အန္တရာယ်ကင်း ပရိတ်ရေများ လိုက်လံပက်ဖျန်းလျက်ရှိသည်။
ထိုသို့လိုက်လံပက်ဖျန်းရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ပြည်သူများ နှစ်သစ်တွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ရောဂါဘယ ကင်းဝေးစေရေးအတွက် ဆရာတော် သံဃာတော် အရှင်သူမြတ်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်ကြပြီး မြို့ပေါ်ရပ်ကွက်များရှိ လမ်းမများနှင့် မြို့အဝင်၊ အထွက်ကြိုဆိုပါ၏ ဆိုင်းဘုတ်များတွင် အန္တရာယ်ကင်းပရိတ်ရေများ လိုက်လံပျက်ဖျန်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)