ဟင်္သာတမြို့နယ်အတွင်းရှိ ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ် တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

ဟင်္သာတ ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြန်မာနှစ်ဆန်း တစ်ရက်နေ့ ညနေ ၆ နာရီအချိန်မှ စတင်၍ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ မြစ်ကွေ့ကျောင်းလမ်းရှိ မြစ်ကွေ့ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တစန္ဒသိရီဘိဝံသ (မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ)မှ ဦးဆောင်၍ မြို့နယ်နှင့်ရပ်ကျေး သံဃာ့ာနာယက အဖွဲ့ဝင်ဆရာတော်ကြီးများ ပါဝင် သည့် သံဃာတော် (၂၅) ပါးတို့က မော်တော်ယာဉ်များဖြင့်  ဟင်္သာတမြို့သူမြို့သားများ၊ နယ်သူ နယ်သားအပေါင်းတို့အား ဘေးအန္တရာယ်အပေါင်းမှ ကင်းငြိမ်းချမ်းသာစေခြင်းအကျိုးငှာ ဟင်္သာတမြို့ ပေါ်ရပ်ကွက်များအတွင်း အန္တရာယ်ကင်းပရိတ် တရားတော်များလှည့်လည် ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။

အဆိုပါ ရွတ်ဖတ်ပူဇော်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင် များ၊ ကျောင်းတိုက်များမှ ဂေါပကအဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်ပါကုသိုလ်ယူ၍ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ