မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကောင်းမှု ပြုသူများ စည်ကား

ရွှေကျင် ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မြန်မာနှစ်ဦးကာလ ကောင်းမှုကုသိုလ်များ အစဉ်အလာမပျက် ပြုလုပ်လေ့ရှိရာဘုရားစေတီများနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် ကောင်းမှုပြုသူများဖြင့်စည်ကားလျက်ရှိသည်။

 ထိုသို့ပြုလုပ်ရာတွင် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား ဆွမ်း၊ ပန်း၊ ရေချမ်း များကပ်လှူပူဇော်ခြင်း၊ ဘုရားပုထိုးစေတီများအား ရေသပ္ပါယ်ခြင်း၊ ဘိုးဘွားမိဘ များအား ပူဇော်ကန်တော့ခြင်း၊ ဦးခေါင်းဆေးခြင်း၊ ခြေသည်းလက်သည်းများညှပ်ကာ ရေချိုး သန့်စင်ပေးခြင်း၊ ရေတွင်းရေကန်များတူးဖော်ဆယ်ယူခြင်း၊ စုပေါင်းသန့်ရှင်းရေးကုသိုလ် ပြုကြခြင်း၊ သားငါးများဘေးမဲ့လွတ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အဟာရဒါနစတုဒီသာ ကျွေးခြင်းများ ပြုလုပ်ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)