နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားနာနှင့် သက်ကြီးပူဇော်ပွဲကျင်းပ

ဆင်ပေါင်ဝဲ ဧပြီ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သည့် နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားနာနှင့် သက်ကြီးပူဇော်ပွဲကို ယနေ့ နံနက် ၇ နာရီ အချိန်က မြို့နယ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းသံဃာဝန်ဆောင်ဆရာတော် အဂ္ဂမ္မဟာတဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလမှသြဝါဒ ချီးမြှင့်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သံဃာတော်တို့အား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး သက်ကြီးပူဇော်ပွဲကို ကျင်းပရာ မြို့နယ်ရပ်ကွက်များမှ(၈၅)နှစ်အထက်ဘိုးဘွား (၅၃)ဦးအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများလှူဒါန်း၍ ပူဇော်ကန်တော့ကြပြီး အမှတ်(၁)ရပ်ကွက်မှ အဘိုးဦး ဆယ်တင်ကဆုတောင်းစကားပြောကြားခဲ့ကြောင်းသိရသည်။

နိုင်လင်း(ပြန်/ဆက်)