ကျိုက်ထို ဧပြီ ၁၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက မြို့နယ် သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဘိုးဘွားများအား ဆီမီးဖြင့်ပူ ဇော်ကန်တော့ခြင်း၊ အမွှေးနံသာရည် ပက်ဖျန်းပူဇော်ကန်တော့ခြင်းနှင့် ဦးနိုင်၀င်း (ပန်းချီဆရာ) အဖွဲ့မှနှစ်ဦးဂါရ၀ပူဇော်ကြ(ရှစ်ဆယ်ပေါ်) တေးထပ်ဖြင့် ပူဇော်ကန်တော့ခြင်းများကို ဆောင်ရွက် ကြပြီးသက်ကြီးပူဇော်ပွဲ ကျင်းပရေးဦးစီးကော်မတီမှ တာ၀န်ရှိသူများက ကန်တော့ခံ ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုး/အဘွားများက ဆုပေးစကား ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ သက်ကြီးပူဇော် ကျင်းပရေး ကော်မတီနာယက ဦးစံမြနှင့်ဥက္ကဋ္ဌ ဦးဌေးလွင်တို့မှ သက်ကြီးပူဇော်ပွဲကျင်းပခြင်းနှင့် ပက်သက်၍ ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းစိုးမှ ပူဇော်ပွဲကျင်းပခြင်းနှင့်ပက်သက် ၍၀မ်းမြောက်စကား ပြောကြား ခဲ့သည်။
ထို့နောက်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်မှသက်ကြီးပူဇော်ပွဲကျင်းပခြင်း အတွက် လှူဒါန်းမှုအစုစုနှင့် အလှူငွေရရှိမှုများအား အလှူရှင်များ သဒ္ဒါထက်သန်စေရန် ရှင်းလင်း တင်ပြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဠတု (သုံးကြိမ်) ရွတ်ဆိုကာ ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။
အဆိုပါသက်ကြီးပူဇော်ပွဲတွင်ကျိုက်ထို မြို့နယ်ရှိ မြို့ပေါ်(၆)ရပ်ကွက်နှင့် ဖက္ကလိပ်ကျေးရွာတို့မှ အသက်(၈၅)နှစ်အထက် အဘိုးအဘွား (၁၈၅) ဦးအား (၁)ဦးလျှင် ငွေကျပ် (၄၀၀၀၀)နှင့် ဆေးဝါးပစ္စည်းများအားလှူဒါန်းပူဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။
၀င်းမောင်(ကျိုက်ထို)