ဆင်ပေါင်ဝဲ ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ရိုးရာအစဉ်အလာမပျက် မိုးကြိုပွဲကို မြန်မာ့ရိုးရာ အတာသင်္ကြန် အတက်နေ့ ယမန်နေ့ ညနေ ၄ နာရီက ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်များအတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လှည့်လည်ရာတွင် တာဝန်ရှိသူတစ်ဦးမှ "ကျွန်တော်တို့ရပ်ကွက်အနေနဲ့ မိုးကြိုပွဲကို နှစ်စဉ်မပျက် ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ခြင်းကြောင့် (၂)နှစ်ဆက်တိုက် ပြုလုပ်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းခဲ့ရခြင်းကြောင့် ရိုးရာအစဉ်အလာ မပျက်မိုးကြိုပွဲကို ယခုလို စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပရခြင်ဖြစ်ကြောင်း၊ မိုးကြိုပွဲ ပြုလုပ်ပေးရတဲ့အဓိက ရည်ရွယ်ချက်ကတော့ မိုးပေးမှန်ကန်ရေး၊ သီးနှံဖြစ်ထွန်းအောင်မြင်ရေး၊ မြို့ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြီးပွားတိုးတက်ရေးတို့ကို ရည်ရွယ်ပြီး အမှတ်(၂)ရပ်ကွက်ရှိ တောင်သူလုပ်ငန်းလုပ်ကိုင်သူ ပြည်သူများက နွားများကိုအလှဆင်ကာ ထွန်များဖြင့် မြို့တွင်းသို့ လှည့်လည်ခြင်း၊ ရေပက်ခံကားများ၊ သုံးဘီးများဖြင့် ယခုလို စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပရဖြစ်ကြောင်း၊” စသည်ဖြင့် ပြောကြားသွားပါသည်။
နိုင်လင်း(ပြန်/ဆက်)