ဖြူး ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၁၃၈၃ ခုနှစ်(၂၀၂၂-ခုနှစ်)မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြိုနေ့ကို ယမန်နေ့ ညနေ(၄)နာရီအချိန်မှစတင်ကာ ပဲခူးလမ်းမကြီးဘေး ဗိုလ်ချုပ်လမ်းထိပ် သင်္ကြန်မဏ္ဍပ်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
မြန်မာနှစ်ကူးမဟာ င်္ကြန်ပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး လှမျိူးသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးထိန်လင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မဟာင်္ကြန်ပွဲတော်ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊မြို့ဖများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး မြူမှောင်ဝေကင်း သင်္ကြန်သီချင်းသီဆိုကာ ယိမ်းအလှမယ်များက ကပြဖျော်ဖြေကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)