ဇီးကုန်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ၍ ပျော်ရွှင်စွာ ရေပက်ကစား

ဇီးကုန်း ဧပြီ ၁၃

၁၃၈၃ ခုနှစ် မြန်မာရိုးရာအတာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို  ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် စည်ပင်သာယာလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ယမန်နေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသက်အောင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်အသီးသီးမှ လှပျိုဖြူ လေးများက မြူမှုံဝေကင်းသီချင်းဖြင့် သီဆိုကပြကာ တပျော်တပါး ရေပက်ကစားကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက ကပြဖျော်ဖြေသောယိမ်းအဖွဲ့များအား ဆုများအသီးသီး ချီးမြှင့် ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အများပြည်သူများ လာရောက်၍ ပျော်ရွှင်စွာရေပက်ကစားကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)