သရက် ဧပြီ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီခွဲက ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် မင်းတုန်းလမ်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့ ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က နှစ်သစ်ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် သရက်မြို့နယ် အတွင်းရှိ သင်္ကြန် ယိမ်းအဖွဲ့များမှ မြူမှောင်ဝေကင်း တေးသီချင်းဖြင့် ပြိုင်တူကပြ၍ အတာရေများ ပက်ဖျန်းဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် တက်ရောက်လာသော ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များအား စတုဒီသာများဖြင့် ကျွေးမွေး ဧည့်ခံခဲ့ပြီး သင်္ကြန်ရက်များတွင်လည်း အလှူရှင်များမှ နေ့စဉ် လှူဒါန်းဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)