ဖျာပုံ ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှဦးဆောင်၍ ပြည်သူများ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ အနှစ်သာရနှင့် ထုံးတမ်းစဉ်လာကို လေးစားတန်ဖိုးထားတတ်စေရန်အတွက် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့ ညနေ(၄)နာရီ အချိန်ကဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ ပြည်သူ့ပန်းခြံရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ဗဟိုမဏ္ဍပ်အား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ မြို့မိမြို့ဖ ဦးအေးကြိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ ယိမ်းအဖွဲ့များက "မြူမှောင်ဝေကင်း" သီချင်းဖြင့် ဖျော်ဖြေတင်ဆက် ကပြကြပြီး တေးသံရှင်များကလည်း မြန်မာ့ရိုးရာသင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းဖြင့် ပျော်ရွှင်စွာရေပက်ဖျန်းကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံပြန်/ဆက်)