မိုင်းဖြတ် ဧပြီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နမ့်ယွန်းကျေးရွာအုပ်စု၊ ပန်ကြူကျေးရွာ၌ မီးဘေးသင့်အိမ်ထောင်စုများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာစီမံအုပ်ချုပ်ရေးမှူး ဦးဒါယေလှနှင့် တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စု (၇)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၈၀၀၀၀၀)၊ မိသားစုဝင် (၄၃)ဦးအတွက် ဆန်ရိက္ခာဖိုး တစ်ပတ်စာ (၉၀၃၀၀) ကျပ်၊ အသုံးအဆောင်ပစ္စည်း (၁၇)မျိုးပါ (ကယ်ဆယ်ရေးပစ္စည်း) (၇)ပုံး၊ ကယ်ဆယ်ရေး ပစ္စည်း(၅)မျိုးအတွက် (၃၉၂၀၀) ကျပ်၊ ခေါက်ဆွဲခြောက် (၄၃)ထုတ်အတွက် (၈၆၀၀)ကျပ်တို့အား မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးညီညီအောင်က မီးဘေးသင့်ပြည်သူများအား အားပေးစကားများ ပြောကြားခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းသည် ယမန်နေ့ နံနက် ၄ နာရီအချိန်ခန့်က တောမီးမှတစ်ဆင့် ကူးစက်မှုကြောင့် ကျေးရွာရှိ ပျဉ်ထောင်သွပ်မိုးကာ လူနေအိမ်(၁)လုံး၊ ဝါးထရံကာသက်ကယ်မိုး (၆)လုံး စုစုပေါင်း လူနေအိမ် (၇)လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး