မဟာသင်္ကြန်ကာလအတွင်း ကြံခင်း-မြန်အောင်-ဟင်္သာတ-ပုသိမ် စာပို့ရထား လူစီးတွဲ(၁၀)တွဲ ထပ်တိုး၍ ပုံမှန်ပြေးဆွဲ

မြန်အောင် ဧပြီ ၁၃

ဧရာဝတီတိုင်းဒေသကြီးအတွင်း မဟာသင်္ကြန်ကာလ ခရီးသွား ပြည်သူများလာရေး အဆင်ပြေ စေရန် ကြံခင်း-မြန်အောင်-ဟင်္သာတ-ပုသိမ် စာပို့ရထားကို လူစီးတွဲ(၁၀)တွဲ ထပ်တိုး၍ ယမန်နေ့မှ စ၍ နေ့စ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရှိရသည်။

ကြံခင်း- မြန်အောင်-ဟင်္သာတ- ပုသိမ် စာပို့ရထားအား သင်္ကြန် ကာလတွင် လူစီး တွဲ ၁၀ တွဲဖြင့် ထပ်တိုးပြေးဆွဲပေးလျက်ရှိပြီး ရထားခနှုန်းထားများအား ယခင် စျေးနှုန်းအတိုင်းရောင်းချပေးပြီး ကိုဗစ်စည်းကမ်းချက်များ နှင့်အညီ ခရီးသည် တစ်ဦးလျင် နှစ်ခုံဖြင့် မိမိ နိုင်ငံသား မှတ်ပုံတင်ပြသ၍ ဝယ်ယူနိုင်ကြောင်းသိရသည်။

ကြံခင်း- မြန်အောင်-ဟင်္သာတ- ပုသိမ် စာပို့ရထား (အစုန်)သည် နေ့စဉ် ကြံခင်းဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ရှိပြီး ဟင်္သာတဘူတာသို့ နံနက် ၁၁:၄၀ နာရီတွင်ရောက်ရှိ၍ ဟင်္သာတ ဘူတာမှ ၁၂:၁၅နာရီတွင် ပုသိမ်သို့ ဆက်လက်ထွက်ခွာ ပြီး ၁၇:၀၀ နာရီတွင် ပုသိမ်ဘူတာသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။  စာပို့ရထား(အဆန်)သည် နေ့စဉ်  ပုသိမ်ဘူတာမှ နံနက် ၆ နာရီတွင်စတင်ထွက်ရှိပြီး ကြံခင်းဘူတာသို့ ၁၇:၂၀ နာရီတွင် ရောက်ရှိကြောင်း မြန်အောင် ဘူတာရုံပိုင်ကြီး ဦးသန်းဝင်းထံမှသိရှိရသည်။

ဝင်းဗိုလ် (မြန်အောင်)