နောင်ချို ဧပြီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း ဧပြီလ ၁၁ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က သဘာဝဘေးအန္တရာယ် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ် လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်း ဘူတာရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၈ အုပ်စုတို့မှ အိမ်ခြေ(၅၁)အိမ် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး မြို့နယ်မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ လေပြင်းတိုက်ခတ်ရာ နေရာများသို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းကျပ် ၃၇၃၈၈၄၀၀ ခန့်ရှိပြီး အဆိုပါ ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျောက်မဲမြို့သို့ တင်ပြ ဆောင်ရွက်ထားရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ သိရသည်။
ထွေးငယ် ပြန်/ဆက်