ကျိုက်လတ် ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားကိုယ်ရေးမှတ်တမ်းအချက်အလက်များ နိုင်(၄)မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းဆောင်ရွက်ခြင်းကို ဧပြီ ၅ ရက် နံနက်ပိုင်းမှစ၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ ရေးသွင်းဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ရေးသွင်းခြင်းနှင့် ပတ်သက်၍ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးက နိုင်ငံသားနံပါတ် မှန်ကန်ရေးအတွက် နိုင် (၄) ဇယားကွက် (၂၁) မျိုးဖြင့် စာရင်း ရေးသွင်းခဲ့ကြောင်းသိရသည်။ ယင်းနောက် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ စဉ်၊ အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ လူမျိုး၊ ဘာသာ၊ အဘအမည်၊ တိုင်း/ပြည်နယ် Code၊ မြို့နယ် Code၊ အမျိုးအစား၊ မှတ်ပုံတင်အမှတ်၊ အမိ၏အမည်၊ တိုင်း/ပြည်နယ် Code ၊ မြို့နယ် Code ၊ အမျိုးအစား၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာ၊ နိုင်ငံသား အမှတ်စသည့် နိုင်(၄) ပါအကြောင်း အရာမှတ်တမ်းများအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်းကို ဌာနဆိုင်ရာ၀န်ထမ်းများနှင့်ပူးပေါင်း၍ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ ထိုသို့ ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့၀င်များ၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးတို့မှ ဝိုင်း၀န်းပူးပေါင်းပါ၀င်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဒေါ်ရီရီမြင့်