ဖျာပုံ ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာရပ်အား စာစစ်ဌာန(၁၃)ခုဖြင့် ယနေ့ နံနက် (၉)နာရီမှစတင်၍ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုကြသည်။
ဖျာပုံမြို့နယ်အနေဖြင့် စာမေးပွဲတက္ကသိုလ်ဝင်တန်း အဋ္ဌမနေ့ သမိုင်းဘာသာရပ်အား ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာရပ်အား၊ ဖျာပုံမြို့နယ်အနေဖြင့် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၂၀၅)ဦး၊ ကျောင်းသူ (၂၅၄)ဦး၊ စုစုပေါင်း (၄၅၉)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ဝင်ရောက်ဖြေဆိုသည့် စာရင်းရှိ ကျောင်းသား/သူဦးရေ၏ (၈၉.၄၇) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)