မြောက်ဦး ဧပြီ ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVAXIN ဆေးအား တစ်ကြိမ်မှထိုးနှံခြင်းမရှိသည့် ပြည်သူများကို စစ်ဆေးတွေ့ရှိပါက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံပေးခြင်းကို ယနေ့နံနက် ၈နာရီအချိန်က မြို့အထွက်ရန်ကုန်-စစ်တွေလမ်း မကြီးဘေး အလယ် ဈေးရပ်ကွက်၌ Mobile Team ဖြင့်လိုက်လံထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြောက်ဦးမြို့အတွင်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား အရှိအဟုန်မြှင့် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးမင်းထွန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သက်တင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမားရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမောင်မောင်သန်းနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများပူး ပေါင်းကာကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ရန်ကုန်-စစ်တွေ ကားလမ်းမဘေးတွင် သွားလာနေကြသော ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်မှထိုးနှံခြင်းမရှိသည့် ပြည်သူများအား စစ်ဆေးပြီး ထိုးနှံပေးခြင်း အမည်စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးနှံမီကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေရန် သက်ဆိုင်ရာဌာန များမှ ကူညီစီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
COVAXIN ကာကွယ်ဆေးကို ကျား (၃၁)ဦးနှင့် မ (၂၂) ဦး၊ စုစုပေါင်း(၅၃)ဦးတို့ကို ထိုးနှံလျက်ရှိကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)