ဇီးကုန်း ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက မွေးစမှ အသက်နှစ်နှစ်အောက် ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ ဆေးရုံကြီးနှင့် ရပ်ကွက်/ကျေးရွာများ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေး ငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာဗိုင်းရပ် ကာကွယ်ဆေး)ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ)၊ ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး များကို အသက်အရွယ်အလိုက် သက်ဆိုင်ရာဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြာသေ ကာကွယ်ဆေးများ တိုက်ကျွေး ပေးခဲ့ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။ ထို့အပြင် ကျေးရွာအုပ်စုများတွင် လည်း သက်ဆိုင်ရာကျေးလက် ကျန်းမာရေး နယ်မြေအလိုက် ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ဆေးထိုး ဆေးတိုက် ခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)