ကျိုင်းတုံမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်း ဆင်းပွဲကျင်းပ

ကျိုင်းတုံ ဧပြီ ၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ကျိုင်းတုံမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီ အခြေခံအားကစားသင်တန်း ဆင်းပွဲကို ဧပြီ ၇ ရက် နံနက်  ၈ နာရီက မြို့မအားကစားကျင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးစိုင်းချစ်အောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြများက နွေရာသီ အခြေခံ အားကစားသင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူ ၂၅၃ ဦးအား သင်တန်းဆင်း လက်မှတ်များ အသီးသီးပေးအပ်သည်။ ဆက်လက်ပြီး  နွေရာသီ အခြေခံ အားကစားသင်တန်း နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးစိုင်းချစ်အောင်က အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်သည်။

ကျိုင်းတုံမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ် သင်တန်းများကို မတ်လ ၂၅ ရက်မှ ဧပြီ ၇ ရက်ထိ အခမဲ့ ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)