၂၀၂၁-၂၀၂၂ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနား ဓနုဖြူ၌ ကျင်းပ

ဓနုဖြူ ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ သပြေရိုးကျေးရွာအုပ်စု၊ တော်ဖျားကျေးရွာ၊ ကွင်းအမှတ်(၁၂) တောင်သူ ဒေါ်မြင့်သန်း၏ လယ်မြေ(၉.၄၅)ဧကတွင် ယမန်နေ့၊ နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးဝင်းထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တက်ရောက်ခဲ့ပြီး အဆိုပါ နွေစပါး GW11 စပါးမျိုးအား ရိတ်သိမ်းချွေလှေ့စက်ဖြင့် တစ်ဧကစံကွက် ရိတ်သိမ်းရာ အခြောက်တင်း (၁၈၀)နှုန်း ထွက်ရှိကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)