မင်္ဂလာတောင်ညွန့်မြို့နယ်၌ ပြည်သူများအား နိုင်ငံသား(မှတ်ပုံတင်)ကတ်ရှိ / မရှိရှောင်တခင် စစ်ဆေး

မင်္ဂလာတောင်ညွန့် ဧပြီ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ခရီးသွားလာကြမည် ပြည်သူများအား နိုင်ငံသား(မှတ်ပုံတင်) ကတ်ရှိ / မရှိရှောင်တခင်စစ် ဆေးခြင်းကို မြို့နယ်တာဝန်ရှိပူးပေါင်းအဖွဲ့များက ရန်ကုန်ဘူတာကြီးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံသား(မှတ်ပုံတင်)ကတ်များ စစ်ဆေးရာတွင် ရန်ကုန်ဘူတာကြီးမှ မြန်မာနိုင်ငံအရပ်ရပ်သို့ ခရီးသွားလာကြမည့် ပြည်သူများအား မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ထားခြင်းရှိ / မရှိကိုစစ်ဆေးပြီး၊ မည်သူမဆိုခရီးသွားလာပါက နိုင်ငံသား (မှတ်ပုံတင်) ကတ်ကို ယူဆောင်သွားစေရေးနှင့် မမေ့လျော့ကြရန် မှာကြားစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးအောင်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုး ဦးသက်ခိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပါဝင်စစ်ဆေးခဲ့ကြောင်း သတင်းရသည်။

ကျော်သူဟိန်း