လှိုင်မြို့နယ်တွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း (အခမဲ့)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

လှိုင်          ဧပြီ ၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre )ခန်းမတွင် ယမန်နေ့နံနက် (၁၀:၃၀)အချိန်က နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်း (အခမဲ့)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ လှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ဝင်းသီတာမိုးမှ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား/ သူများ အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ထို့နောက် ပန်းချီရေးဆွဲနည်း သင်တန်းနည်းပြဆရာမ ဒေါ်လမင်းအိမ်(ဥပဒေ)မှ ပန်းချီရေးဆွဲခြင်းရည်ရွယ်ချက်အား ပြောကြားခဲ့သည်။

အဆိုပါအခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား လှိုင်မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂၅)ဦးဖြင့် ဧပြီလ(၆)ရက်နေ့မှ ဧပြီလ(၂၉)ရက်နေ့ထိ နှစ်သစ်ကူးရုံးပိတ်ရက်မပါ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့များတွင် (အခမဲ့)သင်ကြား ဖွင့်လှစ်​ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)