ကျောက်တံတား ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ပြည်သူ့လုံခြုံရေးကိစ္စ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အမှတ်(၃) ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ(၂:၀၀)နာရီက ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က ရပ်ကွက်အတွင်း ပြည်သူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေး မီးဘေးလုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရခြင်းကိုရှင်းလင်းပြောကြားပြီး သင်္ကြန်ကာလအတွင်း မိမိတို့ ရုံးဌာန၏လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ အဖွဲ့ဝင်များက ကဏ္ဍအလိုက်ဆွေးနွေးပြောကြားပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ(၃:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
ရွှေဇင်ခိုင်