ဝေါ ဧပြီ ၆
ပဲခူးတိုင်းဒေသေကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးလွင်က Talk Show ဆွေးနွေးပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းထွန်း က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးသတ်ဦးစီးဌာနအနေနှင့် မီးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ မီးဘေးစိုးရိမ်ရသည့် စက်ရုံများ၊ အလုပ်ရုံများအား စစ်ဆေးခြင်း၊ မီးသတိမူရေး အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး၊ ပြည်သူများအနေဖြင့်လည်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စည်ကမ်းချက်များနှင့်အညီ မီးကိုသုံးစွဲကြရန် အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိ ပညာဗဟုသုတရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲများကို Online မှတစ်ဆင့် စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)