ညောင်လေးပင်မြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ညောင်လေးပင်  ဧပြီ  

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မီးဘေးသင့်ခဲ့သော ပြည်သူများအတွက် ထောက်ပံ့ပေးခြင်းကို ယနေ့မွန်းလွဲ နာရီက မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့၊ ချောင်းရင်းကျေးရွာအုပ်စု၊ မအူတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးသွားသော နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀၀၀)ကျပ်၊ စုစုပေါင်း (၁၂၁၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ()အိမ်ထောင်စာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)