မေတ္တာ ဧပြီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထာဝယ်ခရိုင်၊ မေတ္တာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းကိုယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်/စာငှား ပရိသတ်များအတွက် စာအုပ်/စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေး ရည်ရွယ်ပြီး နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းကို ထွေ/အုပ်ဝန်ထမ်းများအား အသင်းဝင်ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ စာဖတ်ပရိတ်သတ် အကြိုက်စာအုပ်များ ငှားရမ်းပေးခြင်းများကို အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိရာ စာဖတ်ပရိတ်သတ် ကြိုက်နှစ်သက်သည့် စာအုပ်များအား ရက်သတ္တပတ်လျှင် တစ်ကြိမ်သွားရောက် လဲလှယ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)