မိုးညို ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အထက(မိုးညို) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နေ့လည် ၁၂:၀၅ အချိန်က အားဖြည့်အချိုရည် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ထိုသို့ အားဖြည့်အချိုရည် တိုက်ကျွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲထွဋ်အောင်၊ အတွင်းရေးမှူး ရဲမှူးဝင်းကျော်ကျော်လွင်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်စိန်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးသန်းဦး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ဌေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ (ဇီဝဗေဒနှင့် ဘောဂဗေဒ) ဘာသာရပ်အား ဖြေဆိုပြီးချိန်တွင် ကျောင်းသား၊ ကျောင်းသူ (၁၈၄) ဦးအား Royal-D အားဖြည့် အချိုရည် (၁၈၄) ဘူး (တန်ဖိုး-၁၃၈၀၀ ကျပ်) အားတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)