သုံးခွမြို့နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲ သိပ္ပံဘာသာတွဲ နောက်ဆုံးနေ့ ၀င်ရောက်‌ဖြေဆိုသူ ၉၁ ရာခိုင်နှုန်းရှိ

သုံးခွ မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲ‌ကို အ.ထ.က(၁) ကျောင်းစာစစ်ဌာန (၂)ခု၌ ဇီ၀ဗေဒဘာသာ ရပ်နှင့်ဘောဂဗေဒဘာသာရပ် နောက်ဆုံးနေ့ ဖြေဆိုခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ကစ၍ အေးချမ်းပျော်ရွှင်စွာ ၀င်ရောက် ဖြေဆိုလျက်ရှိ‌ကြောင်း သိရသည်။

 တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုရာတွင် သုံးခွမြို့နယ် အထက(၁)ကျောင်း၌ စာစ်ဌာန(၂)ခုခွဲ၍ ဖြေဆိုမည်ဖြစ်ရာ စာစစ်ဌာန(၁)တွင် အတွဲ(၁)နှင့် အတွဲ( ၇ ) အတွင်း ဖြေဆိုသူ ကျောင်းသား( ၈၂)ဦး၊ ကျောင်းသူ( ၁၀၂ )ဦး စုစုပေါင်း (၁၈၄)ဦး၊ ပြင်ပဖြေဆိုသူ ကျောင်းသား (၄၃) ဦး ၊ကျောင်းသူ (၅၀)စုစုပေါင်း (၉၃) ဦး၊  စာစစ်ဌာန (၂)တွင် အတွဲ (၂)နှင့် အတွဲ(၇)အတွင်း ဖြေဆိုသူကျောင်းသား(၈၆)ဦး၊ကျောင်းသူ ( ၁၀၈)ဦး၊ စုစုပေါင်း (၁၉၄)ဦး၊ပြင်ပဖြေဆိုသူ ကျောင်းသား(၂‌၂) ဦး၊ကျောင်းသူ(၂၉)ဦး စုစုပေါင်း (၅၂)ဦးရှိပြီး ပျက်ကွက်သူ ဦး‌ရေမှာ ကျောင်းသား(၃၂)၊ ကျောင်းသူ  (၂၂) ဦး စုစုပေါင်း(၅‌၄)ဦး ပျက်ကွက်ကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှသိရသည်။

တက္ကသိုလ်၀င် စာမေးပွဲဖြေဆိုရာတွင် သုံးခွမြို့နယ်အတွင်းရှိ အထကကျောင်း (၁၀)ကျောင်းနှင့် အထက(ခွဲ) (၁၀) ကျောင်းမှ ကျောင်းသား/သူများက အေးချမ်း ပျော်ရွှင်စွာ ဖြေဆိုလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုး၊ အဖွဲ့၀င်(၁) ဗိုလ်မှူး သန်းဇော်လင်းနှင့် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ပညာရေး ကြီးကြပ်မှု ကော်မတီဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ် စောင့်ရှောက် ပေးလျက် ရှိကြောင်း သိရသည်။

စည်သူလင်း