ကျိုက်ထိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဌမမြောက်နေ့အား ဆက်လက်ဖြေဆို

ကျိုက်ထို ဧပြီ  ၆

မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဌမမြောက်နေ့   အဖြစ် ဇီဝဗေဒ   နှင့် ဘောဂဗေဒ ဘာသာရပ်များကို  ဧပြီ (၆)ရက် နံနက် ၉ နာရီက စတင်၍ စာစစ်ဌာန (၆)ခု၌ အေးချမ်းစွာဆက်လက် ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။

ယနေ့ ဖြေဆိုလျက်ရှိသည့် ဇီဝဗေဒ ဘာသာရပ်၌ စာရင်းရှိ ကျောင်းသား/သူ (၂၁၀)ဦးတွင် ဖြေဆိုသူ(၂၀၀)ဦးနှင့် ဘောဂဗေဒ ဘာသာရပ်၌ စာရင်းရှိကျောင်းသား/သူ (၉၁၂)ဦးတွင် ဖြေဆိုသူ (၈၃၀)ဦး  ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရှိရသည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုတွင်  ကျောင်းသား/ကျောင်းသူများ  စာမေးပွဲကိုအေး

ချမ်းစွာဖြေဆိုနိုင်ရန် အတွက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာလိုအပ်သည်များကိုကူညီ ဆောင် ရွက်ပေးလျက် ရှိကြောင်းသိရသည်။

၀င်းမောင်(ကျိုက်ထို)