ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲများ ဆဌမနေ့ ဆက်လက်ဖြေဆို

ကန့်ဘလူ ဧပြီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဆဌမနေ့ (ဇီဝ+ဘောဂ) ဘာသာရပ်(တွဲ- ၁၊တွဲ- ၂၊ တွဲ- ၇၊ တွဲ- ၈) အား ကျောင်းသား ၅၃၆ ဦး၊ ကျောင်းသူ ၇၅၉ ဦး၊ စုစုပေါင်း ၁၂၉၅ ဦး အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့( ဇီဝ + ဘောဂ)ဘာသာရပ်( တွဲ- ၁၊တွဲ- ၂၊ တွဲ- ၇၊ တွဲ- ၈)ကို ကန့်ဘလူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား ၆၂၉ ဦး၊ ကျောင်းသူ ၈၅၄ ဦး၊ စုစုပေါင်း ၁၄၈၃ ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား ၅၃၆ ဦး၊ ကျောင်းသူ  ၇၅၉ ဦး၊ စုစုပေါင်း ၁၂၉၅ ဦးရှိကာ ပျက်ကွက် ၁၈၈  ဦးရှိရာ  ဖြေဆိုမှုရာခိုင်နှုန်း ၈၇ ဒသမ ၃၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကန့်ဘလူခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပညာရေးဌာန တာဝန်ရှိသူများက လုံခြုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများကို သက်ဆိုင်ရာ စာစစ်ဌာနများ အလိုက် ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)