အထက်မင်းလှ ဧပြီ ၆
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မင်းလှမြို့နယ်၌ သောက်သုံးရေဖူလုံမှုရရှိစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက် လျက်ရှိသည့် တိုးချဲ့မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပြီးစီးမှုအား ယနေ့ နံနက် ၆ နာရီခွဲ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်းသောက်သုံးရေဖူလုံမှုရှိ စေရန် မြို့မတိုက်နယ်၊ ရွာတော်ကျေးရွာ၊ မြင်ကျတောင်အနီး ကျောက်မှော်ကျောင်းမှ ပင်မရေစုကန်သို့ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေစက်ရုံနှင့် ရေစုကန်ဆောင်ရွက်ခြင်း၊ ပွန်တွန်းနှင့် မော်တာပန့် ဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ၆လ တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာရင်း(GRF)မှ ခွင့်ပြုရန်ပုံငွေ ချထား ပေးခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး၊ တိုင်းစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးဦးထင်အောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဒေါ်နွယ်နွယ်အေးနှင့် တာဝန်ခံအင်ဂျင်နီယာဦးညီညီထွန်းတို့က လုပ်ငန်းများဆောင်ရွက် ပြီးစီးမှု အခြေအနေများနှင့် တိုးချဲ့မြစ်ရေတင်စီမံကိန်းမှ ရပ်ကွက်များ၌ ရေဖြန့်ဝေပေးမှု အခြေအနေ များအား ရှင်းလင်းပြောကြားခဲ့ရာ စီးပွားရေးရာဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုးချဲ့မြစ်ရေတင်စီမံကိန်းမှ အိမ်ခြေပေါင်း ၂၈၄၇ အိမ်၊ စည်ပင်ရေတိုင် သွယ်တန်းပေါင်း ၈၅၁ တိုင်၊ အများသုံးရေတိုင်(၄၇)တိုင်၊ ရေနံချက်စက်ရုံ(PIC)မှ သွယ်တန်း သည့်ရေတိုင်ပေါင်း ၉၅ တိုင်၊ ပုဂ္ဂလိကစက်ရေတွင်းအပါ စက်ရေတွင်းပေါင်း ၆၈၄ တွင်း၊ မြင်ကျတောင်မှ ထပ်မံတိုးချဲ့ ဆောင်ရွက်မည့် ရေတိုင်ပေါင်း ၄၀၀ တိုင်(၁၄.၀၅%) ရေတိုင် စုစုပေါင်း ၂၄၀၅ တိုင်၊ ရေလွှမ်းခြုံ မှုမှာ ၈၄.၄၇%ရှိ ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ဇာဇာ(အထက်မင်းလှ)