ပေါက်ခေါင်းမြို၌ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး

ပေါက်ခေါင်း ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ ပေါက်ခေါင်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်‌ကြောင်း၊ဗဟိုမဏ္ဍပ်တွင်လုံခြုံ‌ရေး အထူးဂရုစိုက်ရန်နှင့် သင်္ကြန်ကာလအတွင်း စတုဒီသာများကျွေးမွေးနိုင်ရေးနှင့် မြန်မာနှစ်ဆန်း(၂)ရက်နေ့တွင် သံဃာ‌တော်များက မြို့တွင်းအန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်နိုင်ပါရန် စီစဉ်ဆောင်ရွက်နိုင်ရေးတို့အတွက် တက်ရောက်လာသော ဌာနဆိုင်ရာများမှ ပေါင်းစပ်ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများအေးချမ်းစွာ ပါဝင်ဆင်နွှဲနိုင်ရေး၊ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ သတ်မှတ်ရက်၊ သတ်မှတ်အချိန်များအလိုက် လာရောက်ဖျော်‌မည့်အစီအစဉ်များကို  သက်ဆိုင်ရာကော်မတီများအလိုက် ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)