ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ (၅)ရက်မြောက်နေ့ ရူပ​ဗေဒဘာသာရပ်အား အေးချမ်းစွာဖြေဆို

ရေတာရှည် ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌  ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (၅)ရက်မြောက်နေ့  ရူပ​ဗေဒဘာသာရပ်အား ဖြေဆိုမှုကို စာစစ်ဌာန () ခုတွင် ယနေ့နံနက် ၉ နာရီအချိန်မှ (၁၂) နာရီအထိ အေးချမ်းစွာဖြေဆိုခဲ့သည်။

ရေတာရှည်မြို့နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာနများဖြစ်သည့် အ.ထ.က (ရေတာရှည်)၊ အ.ထ.က (ရွှေကြက်ယက်)၊ အ.ထ.က(ဆွာ)၊ အ.ထ.က(သာဂရ)၊ အ.ထ.က(မြို့လှ)၊ အ.ထ.က(ရေနီစာစစ်ဌာန(၆)ခုတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ၊ ရူပ​ဗေဒ ဘာသာရပ်အား ဖြေဆိုရန် စာရင်းပေးသွင်းမှုအရ အတွင်းဖြေနှင့်အပြင်ဖြေဆိုသူ ကျောင်းသား/သူ စုစု​ပေါင်း (၁၄၉၅)ဦးရှိပြီး (၁၃၉၂) ဦး  ဝင်​ရောက်ဖြေဆိုခဲ့သဖြင့်  ဖြေဆိုမှု ရာခိုင်နှုန်း (၉၃.၁၁) ရာခိုင်နှုန်းရှိ​ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်

အဆိုပါ စာစစ်ဌာနများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှဦးစီး၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ​အေးချမ်းအောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအလိုက် ကျောင်းအတွင်း/အပြင်လုံခြုံရေး၊   ကျောင်းသား/သူများ၏ လုံခြုံရေးအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)