တောင်ငူ၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ

​တောင်ငူ ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများကို အမှတ် ၅ ရပ်ကွက် ကေလဇာတီဘုရားဝန်း၌ စုရပ်အဖြစ် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာ ဒေသခံပြည်သူများ လာရောက်ထိုးနှံလျက်ရှိကြသည်။

ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအဆင်ပြေစေရန် ဆေးထိုးစုရပ်၌ တာဝန်ကျဝန်ထမ်းများက ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ် ပြည်သူ့ကျန်မာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့များက သွေးပေါင်းချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးရရှိမှုပေါ်မူတည်ကာ နေ့စဉ်ထိုးနှံပေးမည်ဖြစ်ပြီး တစ်ရက်လျှင် လာရောက်ထိုးနှံသူဦးရေ ၈၀ ကျော်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်မာရေး ဦးစီးဌာနမှ သိရသည်။

တောင်ငူ (ခရိုင် ပြန်/ဆက်)