သင်္ကြန်ပွဲ​တော်ကာလအတွင်း ​ချောက်မြို့နယ် ယာဉ်လိုင်းများ​ခေတ္တပိတ်ထားမည်

ချောက် ဧပြီ ၅

မ​​ကွေးတိုင်း​ဒေသကြီး​၊ ချောက်မြို့နယ်တွင် သင်္ကြန်ပွဲ​တော်ကာလအတွင်း မြို့ပြင်ယာဉ်လိုင်း များ ဧပြီ ၁၃ ရက်​နေ့မှ ဧပြီ ၁၇ ရက်​နေ့ထိ ၅ ရက်တာ ​ခေတ္တပိတ်ထားမည်ဖြစ်​ကြောင်း​ချောက်မြို့နယ် ယာဉ်လုပ်ငန်းကြီးကြပ်​ရေး​ကော်မတီဥက္ကဋ္ဌ ဦးလှ​အောင်​ရွှေထံမှ သိရသည်။

ချောက်မြို့ စု​ပေါင်း​မော်​တော်ယာဉ်စခန်းဝင်းမှ ​ချောက်မြို့ပြင် ခရီးသည်ပို့​ဆောင်​ပေးလျက်​ရှိသော ယာဉ်လိုင်း​ပေါင်း (၂၁) လိုင်းရှိပြီးယာဉ်အစီး​ရေ (၆၁) စီးရှိရာ ခရီးသည်များ သွားလာမှု အဆင်​ပြေ​စေ​ရေးအတွက် ဧပြီ ၁၂ ရက်​နေ့ထိ​ ပြေးဆွဲ​ပေးမည်ဖြစ်​ကြောင်း သိရသည်။

သင်္ကြန်ပွဲ​တော်ကာလမတိုင်မီ သွားလာ​သော ခရီးသည်များအား ယာဉ်စီးခများတိုးမြှင့်​ကောက်ခံခြင်းမရှိဘဲ ယာဉ်လိုင်းများ​ပြေးဆွဲ​ပေးလျက်ရှိ​ကြောင်း၊  သင်္ကြန်ပွဲ​တော်ကာလ ဧပြီ ၁၃ ရက်​နေ့မှ ဧပြီ ၁၇ ရက်​နေ့ထိ ၅ ရက်တာ​ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း၊ ယခင်နှစ်များကလည်း မြို့နယ်ယာဉ်လုပ်ငန်းကြီးကြပ်ရေး ကော်မတီလက်အောက်ရှိ ယာဉ်လိုင်းများအနေဖြင့် သင်္ကြန်ပွဲ​တော်ကာလ ယာဉ်လိုင်းရပ်နားခြင်းများကို နှစ်စဉ်​ဆောင်ရွက်ခဲ့ကြောင်း၊ ဧပြီ ၁၈ ရက်​နေ့တွင် ယာဉ်လိုင်းများ ပြန်လည်ဖွင့်လှစ်​ပြေးဆွဲ၍ ခရီးသွားပြည်သူများ စိတ်ချမ်းသာမှုရှိ​စေ​ရေးအတွက်​ ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)