ရေဦး ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် သာသနာရေးဦးစီးဌာနနှင့် မစိုးရိမ်ကျောင်းတိုက် ဆရာတော် အမှုးပြုစီစဉ်ကျင်းပသော အပတ်စဉ် လေ့ကျင့်ခန်းအစမ်းစာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မစိုးရိမ်ကျောင်းတိုက် မဟာဓမ္မာရုံကြီးတွင် ကျင်းပခဲ့သည်။
အဆိုပါစာမေးပွဲတွင် ပထမငယ်တန်းတွင် “အဘိဓမ္မတ္တသင်္ဂဟ” အခြေပြုမူလတန်းတွင် “ကစ္စည်းသဒ္ဒါ” အခြေပြုမူကြိုတန်းတွင် “သုတ်စဉ်တန်း” ဘာသာရပ်များပါ၀င်ပြီး အဆိုပါ စာမေးပွဲတွင် သာမဏေ၁၅ပါး ဖြေဆိုလေ့ကျင့်ခဲ့ကြသည်။ အပတ်စဉ် လေ့ကျင့်ခန်းစာမေးပွဲ ကျင်းပရခြင်းမှာ သာမဓဏငယ်များ ပါဠိ ပထမပြန်စာမေးပွဲကြီးတွင် ၀င်ရောက်ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ အပတ်စဉ်အစမ်းစာမေးပွဲတွင် တစ်နှစ်ပတ်လုံး အကျအရုံးမရှိ ဖြေဆိုအောင်မြင်ခဲ့သည့် ရှင်သာမဏေများအား ပညာရည်ချွန်ဆုများ ပေးအပ်သွားမည် ဖြစ်ကြောင်း မစိုးရိမ်ကျောင်းတိုက်ဆရာတော် မိန့်ကြားချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)