ငရုတ်ကောင်းမြို့တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ရူပ​ဗေဒ) ဘာသာရပ် ဖြေဆိုမှု ၉၁ ဒသမ ၈၉ ရာခိုင်နှုန်းရှိ

ငရုတ်ကောင်း ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒ)ဘာသာရပ်ကို ယနေ့နံနက် ၉နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်းမြို့ စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ ယနေ့ ဖြေဆိုသည့် (ရူပဗေဒ)ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ ကျောင်းတွင်းဖြေ (၅၆)ဦး၊ ကျောင်းပြင်ပဖြေ (၁၂)ဦး စုစုပေါင်း (၆၈)ဦး ရှိ​ပြီး ရာခိုင်နှုန်းအားဖြင့် ဝင်ရောက်ဖြေဆိုသူ ၉၁ ဒသမ ၈၉ ရာခိုင်နှုန်းရှိကြောင်း ငရုတ်ကောင်းစာစစ်ဌာနမှ သိရသည်။

ပြုံးမောင်မောင်(ငရုတ်ကောင်း)