ကြည့်မြင်တိုင် စက်တင်ဘာ ၁
၁.၈.၂၀၁၀ မှ ၁.၉.၂၀၂၀ မွေးဖွားသူ (တစ်နည်းအားဖြင့် အသက် ၉ နှစ်မှ ၁၀ နှစ်ပြည့်ပြီးသူ) အမျိုးသမီးများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့နယ် အတွင်းရှိ အခြေခံကျန်းမာရေး ပညာရှင်များအား မြို့နယ်အဆင့် ဆင့်ပွား သင်တန်း ဖွင့်လှစ်ခြင်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ယမန်နေ့ နံနက်ပိုင်း က ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်မောင်လွင်မှ သင်ကြားပို့ချပေးပြီး မြို့နယ် အတွင်းရှိ အခြေခံကျန်းမာရေး ပညာရှင်ဆရာ၊ ဆရာမများမှ သင်တန်းတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)