တံတား စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ပေါ်ရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်း များကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
တံတားမြို့တွင် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီစုစုပေါင်း(၉)ပါတီ ရှိပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း (၇)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း(၇)ဦး၊ တိုင်းဒေသကြီးအမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် လောင်း(၆)ဦး၊ ကရင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ ရခိုင်တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်လောင်း(၃၃)ဦးတို့မှ သက်ဆိုင်ရာလွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံ သွားမည် ဖြစ်ကြောင်း သိရသည်။
တံတားမြို့တွင် ရပ်ကွက်(၄) ရပ်ကွက်ရှိပြီး ပထမအကြိမ် မဲဆန္ဒရှင်စာရင်များအရ အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၃၃၁၇) ဦး၊ မ(၃၅၇၃) ဦး၊ စုစုပေါင်း (၆၈၉၀) ဦးရှိကြောင်းနှင့် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံ(၁၂) ရုံ သတ်မှတ်ထားရှိကြောင်း သိရသည်။
တင်နိုင်ဝင်း(တံတား)