ငဖဲ ဧပြီ ၄
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယနေ့နံနက် (၉)နာရီက ကျောင်းသား/ကျောင်းသူများ စာစစ်ဌာနအသီးသီး၌ ဓာတုဗေဒ ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာစာစစ်ဌာန ၂ခုတွင် ကျောင်းသားကျောင်းသူ (၂၂၄) ဦး၊ စာရင်းပေးသွင်းထားပြီး ဓာတုဗေဒဘာသာရပ်ဖြေဆိုသည့်နေ့တွင် အထက-ငဖဲစာစစ်ဌာန၌ ဖြေဆိုသူ (၆၆)ဦး၊ အထက-ပဒါန်းစာစစ်ဌာန၌ ဖြေဆိုသူ (၁၃၆)ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၂၀၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသဖြင့် ၉၀.၁၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက လုံခြုံရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မယု (ငဖဲ)