မုံရွာမြို့ ကျွဲရဲစစ်‌ဆေးရေးဂိတ်တွင် ခရီးသွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ပါ/မပါစတင်စစ်ဆေး

မုံရွာ ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကျွဲရဲစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်(၆)နာရီမှစတင်ပြီး နိုင်ငံတစ်ဝန်း နိုင်ငံသား(မှတ်ပုံတင်)မပါရှိပဲ ခရီးသွားလာခြင်းကို ခွင့်မပြုတော့သဖြင့် ခရီးသွား ပြည်သူများ အားလုံး  နိုင်ငံသားကတ်(မှတ်ပုံတင်) ပါ/မပါ စတင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင်  မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားရုံးတို့မှ တာဝန်ရှိသူများက မုံရွာမြို့ ကျွဲရဲဂိတ်လမ်းဆုံသို့ ဝင်ရောက်လာသည့် ခရီးသည်များအားလုံး ယာဉ်ပေါ်မှ မိမိတို့၏ နိုင်ငံသား(မှတ်ပုံတင်)များကို ပြသစေပြီး မည်သူမဆို ဘယ်သွားသွား  နိုင်ငံသား(မှတ်ပုံတင်)ကတ် ယူဆောင်သွားဖို့ မမေ့ကြ ရန် ခရီးသွားပြည်သူများအား မှာကြားစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)