ရွှေဘို၌ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ရွှေဘို ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ အမှတ်(၁)ဘူတာ(က)ရပ်ကွက်တွင် မတ်လ ၁၄ ရက်နေ့ကလျှပ်စစ် မိန်းခုံအပူလွန်ကဲရာမှ လူနေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးဘေးသင့် အိမ်ထောင်စုများ လတ်တလော သက်သာချောင်ချိစေရန်ရည်ရွယ်၍ ရွှေဘိုခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများကို ယမန်နေ့၊ ညနေ ၄ နာရီအချိန်က ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အခန်း တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေနှင့် ပစ္စည်းများကို ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ချောစုတို့က အိမ်ခြေ ၂ အိမ်အတွက် ထောက်ပံ့ငွေ ၂၀၀၀၀၀ နှင့် စားနပ်ရိက္ခာ အတွက် လူတစ်ဦးလျင် ၂၁၀၀ နှုန်းဖြင့်မီးဘေးသင့် လူဦးရေ ၉ ဦးအတွက် ၁၈၉၀၀  စုစုပေါင်း ၂၁၈၉၀၀ ကျပ် နှင့် ထောက်ပံ့ပစ္စည်း ၁၇ မျိုးတို့ကိုထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

စိုးသီဟ(ရွှေဘို)