မော်လမြိုင် မတ်၃၁
၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်စာမေးပွဲများကို ယနေ့ နံနက် ၉ နာရီမှ စတင်ကျင်းပလျက်ရှိရာ မော်လမြိုင်ခရိုင်အတွင်းရှိ စာစစ်ဌာန ၂၈ ခု၌ ကျောင်းသား၊ ကျောင်းသူ(၇၃၉၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေမှုအား ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်၊ ခရိုင်ပညာရေးမှူး၊မြို့နယ်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က စာစစ်ဌာနများသို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် အ.ထ.က ၁၊ အ.ထ.က ၆၊ အ.ထ.က ၈၊ အ.ထ.က ၁၀၊ အ.ထ.က ၁၁၊ အ.ထ.က ၁၂၊ အစရှိသည့် စာစစ်ဌာန ၂၈ ခုကို ဖွင့်လှစ်ထားရှိပြီး စာမေးပွဲလာရောက် ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်စည်းကမ်းချက်နှင့်အညီ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ခင်စန်းမြင့်(ပြန်/ဆက်)