မြောင်းမြ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် မြောင်းမြမြို့ရှိ စာစစ်ဌာန (၁၁)ခုတွင် ယနေ့ နံနက် (၉)နာရီမှစ၍ နေ့လယ် (၁၂)နာရီထိ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြသည်။
မြောင်းမြမြို့ရှိ စာဖြေဌာန(၁၁)နေရာ၌ ဖြေဆိုရန်တင်သွင်းထားသူ (၂၀၂၁)ဦး ဖြေဆိုစာရင်းတွင် ဖြေဆိုဦးရေ (၁၉၀၆)ဦးနှင့် ပျက်ကွက် (၁၁၅)ဦးတို့ရှိရာ စာမေးပွဲဖြေဆိုသူ (၉၄.၃၁)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ထိုတက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့်အဖွဲ့ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ ကြီးကြပ်ရေး ဆရာ/ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှိသည်။
ခင်ရူပါအေး