ချောက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား စတင်ဖြေဆို

ချောက်​ မတ် ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း ယနေ့နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ မြန်မာစာဘာသာရပ်အား အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချောက်မြို့နယ်တွင် တက္ကသိုလ်ဝင်စာစစ်ဌာနများအဖြစ် ​​ချောက်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကြီးနီ၊​ ဂွေးချို၊​ ဂွေးပင်၊​ ကြောင်​လျာ​တော၊ ​ကျောက်ရဲ၊ စ​လေ တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ အပါအဝင် စာစစ်ဌာန (၇)ခုဖွင့်လှစ်ထားရှိသည်။

ချောက်မြို့နယ်အနေဖြင့်​ ကျောင်းတွင်း​ဖြေဆိုမည့်သူ (၅၄၂)ဦးရှိပြီး ပြင်ပ​ဖြေဆိုမည့်သူ(၄၈၉) ဦးတွင် စုစုပေါင်း ကျောင်းသား/သူ (၁၀၃၁) ဦးစာရင်းရှိရာ ယ​နေ့ မြန်မာစာဘာသာရပ်​စတင်ဖြေဆိုသည့်​နေ့တွင်​ ဖြေဆို ကျား (၃၇၈)ဦး၊ မ (၅၀၃)ဦး စုစု​ပေါင်း (၈၈၁)ဦးဝင်ရောက်ဖြေဆို၍၊ ပျက်ကွက် ကျား (၇၅)ဦး၊ မ (၇၅)ဦး စုစု​ပေါင်း (၁၅၀)ဦး ပျက်ကွက်ပြီး ​ဖြေဆိုသည့် ရာခိုင်နှုန်းမှာ ၈၅ ဒသမ ၄၅ ရာခိုင်နှုန်း​ ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မ​နောဖြူ လူမှုကူညီ​ရေးအသင်းနှင့် ရပ်ကွက်​ကျေးရွာအုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)