မော်လမြိုင် မတ် ၃၁
အာဆီယံ-ဟောင်ကောင် China Free Trade Agreement-ECOTECH Work Program ဖြင့် စက်မှု၀န်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် စားသောက်ကုန်ထုတ်လုပ်ငန်းများ အတွက် ဆန်းသစ်တီထွင်သည့် အလေ့အကျင့်ကောင်းများ မျှဝေသည့် စီမံကိန်းထုတ်ကုန်ပြိုင်ပွဲ တွင် ဆုရရှိသည့် (MSMEs) လုပ်ငန်းရှင်များအား စက်ပစ္စည်း ၀ယ်ယူရန်အတွက် ထောက်ပံ့ ငွေပေးအပ်ပွဲကို မတ်လ ၂၉ ရက်နေ့က မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းထိုက်က အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံ-ဟောင်ကောင် ဒေသတွင်းရှိ စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံပေါင်း ခြောက်နိုင်ငံမှ လုပ်ငန်းရှင် အချင်း ချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်းသစ်တီထွင်သော အသိပညာ အတတ်ပညာဖြင့် ကွန်ရက် တိုးချဲ့နိုင်မှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး မွေးမြူရေး နှင့်စက်မှုကဏ္ဌများ ဟန်ချက်ညီစွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်မှု ကဏ္ဍအနေဖြင့် စီးပွားရေးတွင်လည်း တစ်ခုအပါအ၀င် ဖြစ်ကြောင်း၊ မွန်ပြည်နယ်မှ ပြိုင်ပွဲတွင် အလားအလားရှိသော စားသောက်ကုန်များကို ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ၀မ်းသာဂုဏ်ယူပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ဆက်လက်ပြီး တိုးတက်ကောင်းမွန်သော ထုတ်ကုန်များ ဆောင်ရွက်နိုင်ရန်အတွက် စက်ပစ္စည်း များ၀ယ်ယူရန်အတွက် ယခုလို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စားသောက်ကုန်ထုတ်လုပ်ငန်းများအတွက် ဆန်းသစ်တီထွင်သည့် အလေ့အကျင့် ကောင်းများ မျှဝေသည့် စီမံကိန်းမှ ဒေါ်ရည်မွန်ဆုက စီမံကိန်းနှင့် ပတ်သက်သည့် အတွေ့အကြုံ များကို ရှင်းလင်းပြောကြားခဲ့ပြီး ပထမဆုရရှိခဲ့သူအား သိန်း၆၀၊ ဒုတိယဆုရရှိသူအား သိန်း၅၀
တတိယဆုရရှိသူအား သိန်း၄၀ ကိုအသီးသီးပေးအပ်ထောက်ပံ့ပေးခဲ့ကာ ဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်