ညောင်လေးပင် မတ် ၃၁
ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ ယနေ့နံနက်ပိုင်းက အေးချမ်းစွာလာရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲဖြေဆိုခြင်းကို ညောင်လေးပင်မြို့နယ်အတွင်းရှိ စာစစ်ဌာနပေါင်း(၄)ခုတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသားကျောင်းသူပေါင်း ကျောင်းတွင်းဖြေဆိုသူ (၁၀၄၃)ဦး၊ ပြင်ပဖြေဆိုသူ(၃၈၂)ဦး စုစုပေါင်း (၁၄၂၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နီနီ၀င်း(ပြန်/ဆက်)