ရေတာရှည် မတ် ၃၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/ သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို စာစစ်ဌာန (၆)ခုတွင် ကျောင်းသား (၅၁၄) ဦး၊ ကျောင်းသူ (၇၂၄)ဦး နှင့် ပြင်ပဖြေ ကျောင်းသား (၁၉၇) ဦး၊ ကျောင်းသူ (၂၇၀) ဦး၊ ကျောင်းသား/သူ စုစုပေါင်း (၁၇၀၅) ဦး ဝင်ရောက်ဖြေဆိုကြပြီး တစ်ရက်လျှင် တစ်ဘာသာဖြင့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ အထိ စစ်ဆေးဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အေးချမ်းသာယာစွာနှင့် အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူးနှင့် လ/ထ ကြီးကြပ် ရေးမှူးများက ကြီးကြပ်လျက် ကျောင်းအတွင်း/ အပြင်လုံခြုံရေး၊ ကျောင်းသား/သူများ၏ လုံခြုံရေးအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)